Skip to main content

TWRP for Xiaomi

Thet Zaw Ko2
Xiaomi ဖုန်းတွေကို TWRP ဘယ်လိုသွင်းရမယ်၊ ကိုယ်သွင်းမယ့် ဖုန်း model၊ Android Version ပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်လေးတွေ၊ သတိထားရမယ့် အချက် ကလေးတွေကို ပြောပြပေးပါမယ်။ သည် Article တွေက How-To လေးတွေဖြစ်လို့ TWRP ဆိုတာ ဘာလဲ ဆိုတာတွေကို ရှည်ရှည်ဝေးဝေး ရှင်းပြမနေပါ။ Knowledge သိချင်တယ်ဆိုရင်တော့ Google search လုပ်ကြည့်ပြီးသာ ဖတ်ကြည့်ပါ။
ဖုန်းနဲ့ပတ်သက်လို့ လုပ်ချင်တာတွေ အကုန်လုပ်နိုင်ဖို့ TWRP ဆိုတဲ့ Custom Recovery လိုအပ်ပါတယ်။ ဖုန်းကို root ချင်တယ်ဆို မလွှဲမသွေလိုအပ်လာပါတယ်။ root apk လေးတွေသုံးပြီး လုပ်တာက MIUI version မြင့်လာတာ၊ Android version မြင့်လာတာတွေမှာ ထင် သလို အဆင်မပြေတော့ပါ။ Root access permission management app တစ်ခုဖြစ်တဲ့ SuperSU software ကို TWRP ကနေတစ်ဆင့် ဖုန်းထဲကို ထည့်သွင်းပေးလိုက်ခြင်းဟာ ဘယ်ဖုန်း model ဖြစ်ဖြစ်၊ ဘယ် android version ပဲဖြစ်ဖြစ် အခုအချိန်မှာ အဆင်အပြေဆုံး နည်းလမ်း ပါပဲ။ root apk တွေနဲ့ root တာလို သည် MIUI version မှာပဲရတာ… သည် rom မှာပဲရတာဆိုတဲ့ limitation တွေမရှိတော့ပါဘူး။ root တာ အပြင် system ပိုင်းတွေကလိမိလို့ boot loop ဖြစ်နေတာတွေ၊ screen lock မမှတ်မိလို့ ဖုန်းထဲဝင်မရဖြစ်နေတာတွေကိုလည်း အချိန်တိုလေး အတွင်းမှာပဲ ကိုယ့် data တွေမပျက်အောင် အလွယ်ပြန်ပြင်ဆင်နိုင်ပါတယ်။ Mi Phone တွေကို MIUI ROM မတင်ချင်ပဲ အခြားသော CM၊ AOSP အစရှိတဲ့ custom roms တွေတင်သုံးချင်ရင် TWRP ကဲ့သို့ custom recovery တွေဟာ မလွှဲမသွေလိုအပ်လာပါတယ်။ နောက်ဆုံး firmware ပြန်တင်တာ၊ rom အသစ်ချိန်းတာကအစ ဖုန်းထဲမှာပဲ အဆင်ပြေပြေလုပ်နိုင်ပါတယ်။
Custom Recoveries တွေများစွာရှိပါတယ်။ အခုနောက်ပိုင်း Android version တွေ အဆင့်ဆင့်မြင့်လာတယ်။ သည်တော့ custom recovery တွေကလည်း Android နဲ့ကိုက်ညီအောင် အဆင့်ဆင့် update လုပ်လာရပါတယ်။ Custom recoveries တွေကို လုပ်ပေးနေတာက အကျိုးအမြတ် တစ်စုံတရာ မမျှော်လင့်တဲ့ ၀ါသနာရှင် Developer အဖွဲ့လေးတွေသာဖြစ်ပါတယ်။ အမြဲ up to date ဖြစ်အောင် လုပ်ပေးနေတာ ကတော့ Team Win Recovery Project ဆိုတဲ့ အဖွဲ့ပါ။ သူတို့လုပ်ပေးတဲ့ Phone အမျိုးမျိုးအတွက် custom recovery တွေကို သူတို့ အဖွဲ့ အမည်အတိုကောက် TWRP ဆိုပြီး နာမည်ပေးထားတာပါ။ အရင်က နာမည်ကြီးခဲ့တဲ့ custom recovery တော်တော်များများကတော့ Android Lollipop ပေါ်လာချိန်လောက်မှာကတည်းက up to date မဖြစ်တော့ပဲ ရပ်သွားခဲ့တာများပါတယ်။
TWRP သွင်းဖို့ လိုအပ်ချက်တွေကတော့…..
  1. မိမိဖုန်းဟာ Boot Loader Lock ပါတဲ့ model ဆိုရင် Boot Loader Unlock လုပ်ပြီးသားဖြစ်နေရပါမယ်။ Boot Loader Lock မပါတဲ့ ဖုန်းတွေအတွက်ကတော့ သည်အချက် စဉ်းစားစရာမလိုပါ။
  2. ကွန်ပျူတာနဲ့တွဲဆက်ပြီး ဖုန်းကိုလုပ်ချင်တာတွေအမျိုးမျိုး အဆင်ပြေစွာလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ADB & Fastboot drivers တွေ ကွန်ပျူတာမှာထည့်သွင်းပြီးဖြစ်နေရပါမယ်။ အလုပ်လုပ်နေတာ သေချာစစ်ဆေးပြီးဖြစ်ရပါမယ်။
  3. မိမိဖုန်းအတွက် လိုအပ်တဲ့ twrp image file ကို Download လုပ်ယူပြီး ဖြစ်ရပါမယ်။

Requirement 1:

Boot Loader Unlock မလုပ်ရသေးရင် xiaomi phone တွေအတွက် ဘယ်လိုလုပ်ရမယ်ဆိုတာ သည်နေရာမှာ [ >> How to Unlock Boot Loader (Xiaomi) << ]အရင်လေ့လာပြီး Boot Loader ကို Unlock ပြုလုပ်ပါ။ နာရီပိုင်းကနေ ရက်ပိုင်းအထိ သည်အဆင့်အတွက် အချိန်ပေးရပါတယ်။

Requirement 2:

ဖုန်းနဲ့ကွန်ပျူတာ အဆင်ပြေစွာ ချိတ်ဆက်အလုပ်လုပ်နိုင်ဖို့ သည်နေရာမှာ [ >> PC Driver Installation for Xiaomi Phones << ] လေ့လာပြီး လိုအပ်တဲ့ driver installation တွေ၊ စစ်ဆေး မှုတွေ ပြုလုပ်ပြီး အသင့်ဖြစ်နေပါစေ။

Requirement 3:

မိမိဖုန်းအတွက် လိုအပ်တဲ့ TWRP image ကို သည် Post [ >> TWRP Collections For Xiaoimi Devices << ] ထဲမှာ မိမိဖုန်း model ကိုရှာပြီး ရှိရင် Download ပြုလုပ်ပြီး သုံးနိုင်ပါတယ်။ မတွေ့ရင်တော့ Xiaomi Forum မှာ Download ပြုလုပ်နိုင်ပါတယ်။ Xiaomi Forum ထဲမှာ မိမိဖုန်းအတွက် TWRP image file ကိုရှာဖွေချင်ရင် [ >> Xiaomi Devices Section << ] ကိုဝင်ပါ။
ကိုယ့်ဖုန်း Model ကိုရွေးဝင်ပါ။ အဲသည်မှာTools, Tips & Tutorials ဆိုတဲ့ section ရှိပါတယ်။ အဲသည်ထဲမှာ TWRP နဲ့ပတ်သက်တဲ့ Threads တွေကို ရှာဖတ်နိုင်ပါတယ်။ Threads တွေထဲမှာ လိုတာတွေ Download လုပ်ဖို့ link တွေအစုံပေးထားပါတယ်။ သူများတွေလုပ်လို့ အဆင်ပြေလား၊ မပြေလား၊ ဘာလေးတွေသတိထားဖို့လိုလဲ ဆိုတာလေးတွေကို သူတို့ရဲ့ comments တွေဖတ်ပြီး ကိုယ်အဆင်ပြေပြေလုပ်နိုင်မ လား၊ မလုပ်နိုင်ဘူးလား ခန့်မှန်းနိုင်ပါတယ်။ လိုတာတွေရှာဖတ်ဖို့ ဖုန်းနဲ့ပဲ browser ဖွင့်သုံးတယ်ဆိုရင်တော့ ရှာလို့၊ ဖတ်လို့ အဆင်ပြေအောင် browser ကို Desktop View ပြောင်းဖတ်ပါ။

အဆင့် (၁) Boot Loader Unlock လုပ်ပြီးပြီ။ အဆင့် (၂) လိုအပ်တဲ့ drivers တွေထည့်ပြီးပြီ။ ADB & Fastboot tool files တွေကို ကူးထည့်ထားပြီးပြီ။ ဖုန်းနဲ့ကွန်ပျူတာချိတ်ပြီး စမ်းသပ်စစ်ဆေးတာ လုပ်ပြီးပြီ။ အဆင့် (၃)လိုအပ်တဲ့ TWRP image file ကိုလည်း Download လုပ်ယူပြီးပြီဆိုရင်တော့ TWRP ကို ကွန်ပျူတာနေထည့်သွင်းဖို့ အဆင်သင့်ဖြစ်ပါပြီ။
မိမိတို့ Download လုပ်ယူလို့ရလာသော file သည် zip, rar တွေသာဖြစ်ဖို့များပါတယ်။ ကွန်ပျူတာမှာဖြည်ချထားလိုက်ပါ။ TWRP image file ရှိနေသော Folder နေရာမှာ Command Windows Box ကို ခေါ်ပါ။ အောက်ပါပုံကိုလေ့လာပြီး Command Windows ခေါ်ပါ။
ဖုန်းကို Power ပိတ်ပါ။ Vol Down + Power Key ကိုတွဲနှိပ်ပေးထားပါ။ ခဏကြာရင် Vibrate တစ်ချက်တုန်ပြီး ဖုန်းသည် Mi Bunny အစိမ်းရောင်လေးပေါ်ပြီးFASTBOOT mode သို့ရောက်ပါပြီ။ ကွန်ပျူတာနှင့် USB Cable သုံးပြီး ဆက်ပေးလိုက်ပါ။ Device အလုပ်လုပ်တာ သေချာကြောင်း အောက်ပါအတိုင်း Command ရိုက်စစ်ပါ။ Command ရိုက်ရာတွင် Space ခြားသင့်သည့်နေရာ ခြားပါ။
TWRP image file ကို အောက်ပါပုံအတိုင်း Command ပေးလို့ ဖုန်းထဲကိုသွင်းပါ။ သည်နေရာမှာ OKAY မပြပဲ FAILED ပြပါက အဖြစ်နိုင်ဆုံး error ကတော့ Partition Write Not Allowed လို့ပေါ်လာတတ်တဲ့ Boot Loader Unlock မလုပ်ရသေးပဲ TWRP သွင်းမိတာနဲ့ command ရိုက်တဲ့နေရာ စာလုံးပေါင်းမှားတာ၊ space မခြားမိတာတွေပါပဲ။ TWRP image filename ရိုက်တဲ့နေရာမှာ အခု example အရ zcx လို့ အစသုံးလုံးလောက်ရိုက်ပြီး TAB key ကိုနှိပ်လိုက်တာနဲ့ filename အပြည့်အစုံပေါ်လာမှာပါ။ ENTER နှိပ်လိုက်ရုံပါပဲ။ သည်တော့ filename ရှည်လို့ စာလုံးပေါင်းမှားတာ မဖြစ်နိုင်တော့ဘူးပေါ့။
ဖုန်းထဲကို TWRP ရောက်သွားပြီဆိုတာနဲ့ အောက်ပါ Command သုံးပြီး TWRP ထဲတန်းဝင်ပါ။ TWRP ထဲဝင်ဖို့ အနည်းငယ်တော့ ကြာတတ် ပါတယ်။ စိတ်ရှည်ရှည်စောင့်ပါ။ အခုလို Command နဲ့ဝင်ရာမှာ FAILED message တွေသာပြပါက ဖုန်းကို USB Cable ဖြုတ်ပါ။ Vol UP + Power Keyတွဲနှိပ်ပေးထားပါ။ Fastboot Logo ပျောက်သွားပါမယ်။ Mi Logo ပေါ်လာတာနဲ့ Power Key ကိုလွှတ်ပါ။ Vol UP ကိုကတော့ TWRP Home screen ရောက် သည်ထိမလွှတ်ပဲ ဆက်နှိပ်ပေးထားပါ။

TWRP Welcome Screen နေရာမှာတော့ ဘာကိုမှ အမှန်မခြစ်၊ ဘာခလုပ်မှမနှိပ်ပဲ အောက်ခြေနားက မျှားလေးကိုသာ ညာဖက်ကိုဆွဲပေးလိုက် ပါ။ Language က တရုတ်လိုတွေဖြစ်နေ ပါက အောက်ပါပုံအတိုင်း English ပြန်ပြောင်းနိုင်ပါတယ်။

TWRP ထဲရောက်တာနဲ့ Android Version တွေပေါ်မူတည်လို့ လုပ်ပေးစရာလေးတွေ လိုအပ်လာပါမယ်။
  • Android 5.0.x ( x ဆိုတာ ကြိုက်တဲ့နံပါတ်ဖြစ်ပါစေလို့ ဆိုလိုတာပါ။ MIUI ROM အတွက်ကတော့ 5.0.2 ပါပဲ ) တင်ထားတဲ့ ROM တွေကတော့ ဘာမှမလိုအပ်တော့ပါဘူး။ အောက်ပါပုံအတိုင်း လုပ်ပြီး System ဆီကို Boot တက်နိုင်ပါပြီ။
Android 5.1.x ( 5.1.1 for MIUI ROMs), Android 6.0.x (6.0.1 for MIUI ROMs), Android 7.x တင်ထားတဲ့ ROM (Boot Loader Lock မရှိတဲ့ Mi Note (Pro မဟုတ်) လို Android 6 အတွက် စဉ်းစားဖို့မလိုပါ) တွေကတော့ TWRP သွင်းလိုက်တာနဲ့ System Partition ကို Modified လုပ်လိုက်ပြီဖြစ်လို့ System Lock ဖြစ်ပြီး reboot ပြန်လုပ်ချိန် Mi Logo မှာပဲ ရပ်နေတတ်ပါတယ်။ အဲသည်လိုမဖြစ်ရအောင် Boot.img ကို Patch လုပ်ပေးရပါတယ်။ (Boot Patch, DM-Verify Diasble,.. စသည်ဖြင့် ခေါ်ကြပါတယ်). Patch လုပ်ပေးတာကတော့ Lazy Flasher ဆိုတဲ့ Zip လေးကို TWRP ထဲကနေ Flash ပေးလိုက်တာပါပဲ။ Android 5.1.1 တွေအတွက် Lazy Flasher zip ကို ဖုန်းထဲပဲကူးထည့်ပေးထားနိုင်ပါတယ်။ Andorid 6.x အထက်တွေကတော့ TWRP စ၀င် ၀င်ချင်း Internal Storage မဖတ်လို့ SD card or OTG Stick ထဲကူးထည့်ပေးထားပါ။ ပြီးရင်တော့ ပုံပါအတိုင်း Install လုပ်ပေးလိုက်ပါ။ Lazy Flasher zip ကို အောက်ပါ Link မှာ download ပြုလုပ်နိုင်ပါတယ်။
Download Lazy Flasher Zip
Android 6 နဲ့အထက်တွေကတော့ Internal Storage ဖတ်မှာမဟုတ်လို့ SD card or OTG Stick ထဲမှာရှိတဲ့ Lazy Flasher zip ကို အခုလို Install လုပ်ပေးလိုက်ပါ။ (example အနေနဲ့ကတော့ OTG stick ထဲကနေ Install လုပ်တာပြထားပါတယ်)

Another Method for Lazy Flasher zip Installation

Lazy Flasher zip ကို ဖုန်းထဲကူးထည့်ခဲ့ဖို့ မေ့ခဲ့သည်ဖြစ်စေ၊ SD card, OTG Stick တွေမရှိလို့ဖြစ်စေ..၊ TWRP သွင်းချိန်မှာ ဖုန်းနဲ့ကွန်ပျူ တာချိတ်ပြီး အလုပ်လုပ်နေမှာမို့ ကွန်ပျူတာထဲမှာရှိနေတဲ့ Lazy flasher zip ကို အခုလို ADB Sideload မှတစ်ဆင့်လည်း သွင်းပေးနိုင်ပါတယ်။
  • ADB Sideload mode ကိုဖုန်းမှာ ယခုလိုဝင်ပါ။
  • ကွန်ပျူတာမှာ Lazy Flasher zip ရှိနေသော Folder နေရာမှာ Command Windows ခေါ်ပါ။
  • Command Windows ပေါ်လာရင် ဖုန်းနှင့်ကွန်ပျူတာကို USB Cable နဲ့ချိတ်ဆက်ပါ။ Command Windows မှာ အောက်ပုံပါ command ကိုရိုက်ပေးလိုက်ပါ။ ထုံးစံအတိုင်း adb sideload ရိုက်ပြီး lazy လောက်အစရိုက်ပြီး TAB Key နှိပ်လိုက်ရင် lazy flasher zip filename အပြည့်အစုံ Auto ပေါ်လာပါလိမ့်မယ်။ Space ခြားသင့်သည်နေရာ space ခြားပါ။ Error မရှိပါက lazy flasher zip ကို ဖုန်းဆီပို့တယ်ဆိုတာရယ်.. file transfer time က ဘယ်လောက်ဆိုတာရယ်.. msg နှစ်ကြောင်းပဲပြပြီး ပြီး ဆုံးသွားပါမယ်။
  • ဖုန်းမှာလည်း lazy flasher zip ကို အလိုလို install သွားပါမယ်။ ပြီးရင်တော့ Reboot နိုင်ပါပြီ။
သည်ပုံစံကို နမူနာယူပြီး မိမိတို့ ကွန်ပျူတာထဲမှာရှိနေတဲ့ TWRP ကနေ flash ရတဲ့ zip တွေကို ဖုန်းထဲကူးမထည့်ပဲ ADB Sideload feature ကိုသုံးပြီး ထည့်လို့ရတယ်ဆိုတာ နားလည်ထားပါ။ လိုသလို အသုံးချပါ။

The Last step for Android 6.x and higher

Android 6.x နှင့်အထက် MIUI ROM များမှာတော့ TWRP သွင်းတာပြီးစီး၊ Lazy Flasher zip flash တာပြီးစီးပေမယ့် ဖုန်း Internal Storage ကို TWRP ကမဖတ်ပါ။ သည်ဖုန်းတွေမှာ TWRP သွင်းပြီးပြီးချင်း စ၀င်လာတာနဲ့ Data Decryption Password ကို လာမေးပါမယ်။ Cancel button သာနှိပ်ပြီးကျော်ခဲ့ပါ။ ပြီးရင်တော့ Lazy Flasher flash တာလုပ်ပါ။
TWRP က Internal Storage ကိုသိနိုင်အောင် TWRP ထဲမှနေပြီး Format Data လုပ်ပေးရပါမယ်။ အဲဒါမှ Phone Internal Storage ကိုသိတဲ့အပြင် Data Partition ကိုပါအသုံးပြုတဲ့ zip file တွေကို Flash ရာမှာလည်း အဆင်ပြေပါလိမ့်မယ်။ နို့မို့ဆိုရင် TWRP သာထည့်ထားတယ်.. zip အကုန် မ flash ပေးနိုင်တာတွေ ကြုံရပါလိမ့်မယ်။
Format DATA လုပ်ပစ်ရာမှာတော့ မိမိဖုန်းထဲရှိ Data များ၊ သွင်းထားသော Apps များ အကုန်ပျက်မှာဖြစ်လို့ မလုပ်ခင်မှာ Backup သေချာယူထားပါ။ မယူရသေးရင်တော့ TWRP တင်၊ Lazy Flasher zip ကို Flash တဲ့အဆင့်လောက်နဲ့ ခဏရပ်ပြီး Backup လုပ်ဖို့တွေ အရင်လုပ်ပါ။ အားလုံးပြီးစီးမှ TWRP ထဲဝင်ပြီး Format DATA လုပ်ပါ။ အဲသည်အဆင့်ပြီးစီးမှ မိမိ flash ချင်သော zip file မှန်သမျှကို TWRP မှ အောင်မြင်စွာ Flash ပေးနိုင်ပါပြီ။ Format DATA ကို အောက်ပါပုံအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
Format DATA လုပ်ပစ်ရာမှာတော့ မိမိဖုန်းထဲရှိ Data များ၊ သွင်းထားသော Apps များ အကုန်ပျက်မှာဖြစ်လို့ မလုပ်ခင်မှာ Backup သေချာယူထားပါ။ မယူရသေးရင်တော့ TWRP တင်၊ Lazy Flasher zip ကို Flash တဲ့အဆင့်လောက်နဲ့ ခဏရပ်ပြီး Backup လုပ်ဖို့တွေ အရင်လုပ်ပါ။ အားလုံးပြီးစီးမှ TWRP ထဲဝင်ပြီး Format DATA လုပ်ပါ။ အဲသည်အဆင့်ပြီးစီးမှ မိမိ flash ချင်သော zip file မှန်သမျှကို TWRP မှ အောင်မြင်စွာ Flash ပေးနိုင်ပါပြီ။ Format DATA ကို အောက်ပါပုံအတိုင်း လုပ်ဆောင်နိုင်ပါတယ်။
ယခုဆိုလျှင် Android version ပေါင်းစုံနဲ့လာတဲ့ MIUI ROM တွေကို အောင်မြင်စွာ TWRP တင်လို့ ပြီးစီးပါပြီ။

ROOT လုပ်တယ်ဆိုတာလည်း ထူးထူးခြားခြား လုပ်ပေးရတဲ့ Process မဟုတ်ပါဘူး။SuperSU zip download လုပ်ပြီး ဖုန်းထဲကူးထည့်ထားပါ။ Android 6.0 နဲ့အထက်ဖုန်းတွေမှာ Data တွေ မကူးရသေးလို့ Format Data မလုပ်ရသေးရင် SuperSU zip ကို SD Card or OTG Stick ထဲ ကူးထည့်ထားပါ။
အထက်ပါအဆင့်တွေအတိုင်း TWRP တင်တာ၊ Lazy Flasher လိုအပ်ရင် Flash တာတွေလုပ်ပြီးရင် TWRP Home Screen ကနေ Reboot – > System ကိုရွေးလို့ boot တက်လိုက်ပါ။ အားလုံးအဆင်ပြေပြေတက်သွားပြီဆိုရင်တော့ TWRP ထဲကို ပြန်ဝင်ပါ။Updater app – >Updater Settings -> Reboot to Recovery ကိုရွေးပြီး ၀င်လို့ရပါတယ်။ ဒါမှမဟုတ် ဖုန်းကို Reboot လုပ်ခိုင်းလိုက်ပြီး Vol Up Key ကို reboot ကျဖို့ပြင်နေချိန်ကတည်းက နှိပ်ထားလိုက်ပြီး နောက်ဆုံး TWRP ထဲဝင်မှ လွှတ်ပေးလိုက်.. အဲလိုဝင်လဲရပါတယ်။ ဒါမှမဟုတ် ဖုန်းကို လုံးဝ Power ပိတ်၊ အထက်မှာ TWRP သွင်းပြီးPower Key + Vol Up Key သုံးလို့ ၀င်တဲ့နည်းနဲ့လဲရပါတယ်။
TWRP ထဲရောက်ပြီဆိုရင်တော့TWRP သွင်းတုန်းက Lazy Falsher Zip flash တဲ့အတိုင်း SuperSU Zip ကို ရှာပြီး flash ပေးလိုက်ရုံပါ။ အောက်ကပုံအတိုင်း နမူနာကြည့်ပါ။ ဖိုင်ရွေးပေးရတာကတော့ SuperSU zip ပေါ့။

SuperSU Zip ကဖုန်းထဲရှိခဲ့ရင်

SuperSU Zip က SD card or OTG Stick ထဲရှိခဲ့ရင်

SuperSU Zip flash ပြီးလို့ Success ပြရင် Reboot နိုင်ပါပြီ။ ဖုန်း Screen မှာ SuperSU icon လေးမြင်နေရပါပြီ။

SuperSU zip ကို version မြင့်တာသာရှာသုံးပါ။ ဖုန်းတွေမှာ Android version တွေက မြင့်လာပြီး SuperSU ver နိမ့်နိမ့်သွားထည့်ခဲ့ရင် ပြန်တက်လာရင် ဖုန်းလိုင်းတိုင်မတက်တာတွေ ဖြစ်တတ်ပါတယ်။ SuperSU version 2.78 နဲ့ အထက်ဆို အဆင်ပြေပါတယ်။ နိမ့်တာထည့်မိလို့ လိုင်းမတက်ဖြစ်ရင် SuperSU settings ထဲမှာပဲ Full Unrootလုပ်ပေးနိုင်ပါတယ်။ ပြီးမှ TWRP ထဲကနေ SuperSU version မြင့်တာထည့်နိုင်ပါတယ်။

SuperSU version 2.79 နဲ့ 2.82 ကိုတင်ပေးထားပါတယ်။ အဆင်ပြေသလို download လုပ်သုံးနိုင်ပါတယ်။

Download SuperSU v2.79

Download SuperSU v2.82

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ...။ 🙂 🙂
Please follow and like us:
Save

Comments

Popular posts from this blog