Posts

Image
PC Driver Installation for Xiaomi Devices (27-06-2017 Update) Published June 27, 2017 by Thet Zaw Ko 0 Xiaomi Phones တွေကို ကွန်ပျူတာသုံးပြီး Mi Flash Tool နဲ့ firmware တင်ချင်တာပဲဖြစ်ဖြစ်၊ TWRP Custom Recovery သွင်းချင်တာပဲဖြစ်ဖြစ်၊ Boot Loader Unlock လုပ်ချင်တာပဲဖြစ်ဖြစ်.. အစရှိသည်တို့ကို လုပ်ဆောင်နိုင်ဖို့ ကွန်ပျူတာမှာ လိုအပ်တဲ့ Drivers တွေ၊ ADB Tool files တွေကို ထည့်သွင်းပေးထားရပါမယ်။ Drivers တွေ သေချာ အလုပ်လုပ်ဖို့ Windows version ပေါ်မူတည်ပါတယ်။ သည်တော့  Windows 64 bit  versions တွေအတွက် အဓိကထားပြောပြပါမယ်။  Windows 32 bit  version တွေအတွက် သီးသန့်ပြောစရာသိပ်မလိုလှပါ။ လိုအပ်တဲ့ Setup file ကို Installation လုပ်ရုံပါ။ How to check Windows Version? ကိုယ့် PC က ဘယ် Windows version သုံးထားလဲဆိုတာကို အရင်ကြည့်ထားပါ။ My Computer (Windows 7)၊ This PC (Windows 8, 8.1, 10) ကို Right Click နှိပ်၊ ပေါ်လာတဲ့ Shortcut Menu မှ Properties ကို ရွေးပြီးကြည့်ထားပါ။ ပထမဆုံး လုပ်ပေးရမယ့်အရာကတော့  Adb, Fastboot tool files  လေးတွေကို ကွန်ပျူတာထဲထည့်သွင်းပေးထ...
Image
Changing ROM using TWRP Published December 12, 2016 by Thet Zaw Ko 0 လက်ရှိမိမိဖုန်းမှာ မည်သည့်အမျိုးအစား ROM ကိုတင်ထားသည်ဖြစ်စေ  TWRP  ကို အသုံးပြုလို့ မိမိနှစ်သက်ရာ ROM (including Custom ROM) ကို တင်နိုင်ပါတယ်။ ROM Type တစ်ခုလုံးချိန်းတာဖြစ်လို့ အရင်တင်ထားတဲ့ ROM နဲ့ပတ်သက်တာတွေကို  အကုန်ရှင်း (Full Wipe)  ပြီးမှ အသစ်တင်ခြင်းဖြင့် error ကင်းကင်းနဲ့အသုံးပြုလို့အဆင်ပြေပါတယ်။ ယခုတင်ထားတာ China Stable ဆိုပါစို့.. China Dev ကို ချိန်းချင်တယ်.(အခု ဥပမာလို ROM အမျိုးအစားချင်းတူတယ် [China rom ချင်းတူ] Stable version to Dev version ဆိုရင် Updater ကနေပဲတင်လို့ရပါတယ်။ သို့သော်  TWRP ရှိနေရင်တော့ TWRP ကနေ အရင်ရှိပြီးသား ROM ကို Full Wipe လုပ်ပြီးတင်ပေးရင် သုံးလို့ပိုပြီး error ကင်းပါတယ်). Global Stable or Global Dev ကိုချိန်းချင်တယ်။ ဒါမှမဟုတ် MIUI ကိုပဲ base လုပ်ထားတဲ့ MultiROM, EU ROM, MIUI Pro အစရှိတဲ့ Custom MIUI တွေတင်ချင်တယ်..။ MIUI base မဟုတ်ပဲ သီးခြားဖြစ်တဲ့ CM ROM, Resurrection Remix, အစရှိတဲ့ Custom ROM တွေတင်ချင်တယ်ဆိုရင် TWRP ထဲမှာ  Full WIPE ...