Skip to main content

How to Unlock Boot Loader (Xiaomi)

Thet Zaw Ko0
Redmi Note 3 နဲ့နောက်ပိုင်းထွက်လာတဲ့ Xiaomi Phones မှန်သမျှမှာ Boot Loader Lock ဖြစ်လာပါတယ်။ အရင် Model တွေထဲက (Mi4c, Mi Note Pro, ကျန်တဲ့ဟာလေးတွေတော့ မမှတ်မိ..Mi4 series ထဲကတွေပါပဲ.. Firmware update လုပ်ရင် Boot Loader Lock ဖြစ်သွားပါတယ်)။
Boot Loader Lock ဖြစ်လို့ Firmware တင်ချင်ရင် EDL mode ကနေပဲ တင်လို့ရတော့ပါတယ်။ Stock Recovery မှာ User တွေအသုံးချနိုင်မယ့် Command UI ပါမလာတော့ပါ။ သည်တော့ Lock Screen Password မေ့တာတွေမှာ Factory Reset ချတာတွေမလုပ်နိုင်တော့ပါ။ Root ချင်တာတွေ၊ အခြားသော System ပိုင်း ကလိချင်တာတွေအတွက် Custom Recoveries (TWRP) သွင်းမရတော့ပါ။
သည်တော့ မိမိဖုန်းကို ကိုယ့်စိတ်ကြိုက် control လုပ်နိုင်ဖို့၊ သုံးနိုင်ဖို့အတွက် Boot Loader ကို အရင် Unlock လုပ်ရပါတယ်။ အဓိကလုပ်ကြတဲ့ ရည်ရွယ်ချက်ကတော့ TWRP သွင်း၊ root လုပ်ပြီး နေရာအစုံမှာ မြန်မာစာ မှန်နေအောင်အတွက်ပါ။ TWRP သွင်းထားတော့ တစ်စုံတစ်ရာ error ကြောင့် ဖုန်း boot မတက်တော့ရင်လည်း ကိုယ့် data တွေမဆုံးရှုံးစေပဲ Recover ပြန်လုပ်နိုင်တာတွေ လည်း ရှိတာပေါ့။ ဖုန်းထဲမှာ TWRP ကို permanent သွင်းမထားရင်တောင် TWRP လေးနဲ့ ဖုန်းကို ခဏ boot တက်.. လိုတာလေးတွေပြင်.. ပြီးမှ normal boot ပြန်တက်.. အစရှိသည်ဖြင့် မိမိဥာဏ်ကွန့်ရင် ကွန့်နိုင်သလို ဖုန်းကို လိုသလို control လုပ် အသုံးချလို့ ပိုလွယ်ကူတာပေါ့။
အချို့ကလည်းပြောကြတာပေါ့.. Boot loader lock လုပ်ထားတာဟာ ကိုယ့်ဖုန်းပျောက်သွားရင်တောင် သူတစ်ပါးက ဖုန်းကို အလွယ်သုံးမရအောင်.. မိမိအရေးကြီး data တွေ သူတစ်ပါးသုံးမရအောင် လုပ်ထားနိုင်တယ်ပေါ့။ ဖုန်းမပျောက်အောင် ထိန်းသိမ်းဖို့ကတော့ မိမိနဲ့ 100% ပဲသက်ဆိုင်တာပါ။ Boot Loader က ထူးထွေ protect လုပ်ပေးနိုင်တဲ့အရာ မဟုတ်ပါဘူး။ သူ့အမြင် ကိုယ့်အမြင် တူကြမယ်တော့ မဟုတ်ဘူးပေါ့။
ကဲ…. Boot Loader Unlock လုပ်မယ်ဆို ဘာတွေလိုမလည်း။ Xiaomi Phones တွေမှာ Boot Loader ကို Unlock လုပ်ဖို့ အများပြောသလို unlock code တောင်းတယ်… unlock code တောင်းတယ်.. ဆိုတာ လုပ်ရတာမဟုတ်ပါ။ အခြားသောဖုန်းတွေလို Web Site မှာ၊ Email မှာပြန်လာတဲ့ code ကို fastboot mode ကနေ command နဲ့ထည့်ပေးရတာမဟုတ်ပါ။
Xiaomi ကထုတ်ထားတဲ့ Boot Loader Unlock Tool ကို အသုံးပြုရတယ်။ ကွန်ပျူတာနဲ့ဖုန်းချိတ်ဆက်ပြီး Unlock Tool သုံးပြီး Boot Loader Unlock လုပ်နိုင်ဖို့ ကိုယ့် Mi Account ကို အသုံးပြုရပါတယ်။ ဖုန်းမှာလည်း အဲသည် Mi Account Login ၀င်ထားခဲ့ရပါတယ်။ ကွန်ပျူတာမှာလည်း Internet Connection ရနေရပြီး Boot Loader Unlock Tool မှာလည်း Unlock လုပ်ချင်တဲ့ ဖုန်းမှာ login ၀င်ထားတဲ့ Mi Account နဲ့ Login ၀င်ရပါတယ်။ သည်တော့ Boot Loader Unlock လုပ်တဲ့နေရာမှာ မိမိ Mi Account သာ အရေးအကြီးဆုံး လိုအပ် ချက်ဆိုတာ သဘောပေါက်ပါ။
သည်တော့ ကိုယ့် Mi Account ကို Boot Loader Unlock လုပ်ခွင့်ရမယ့်Permission ရဖို့ Xiaomi ထံမှ Permission တောင်းရပါတယ်။ Xiaomi မှ Boot Loader Unlock လုပ်ချင်ရင် လုပ်လို့ရပါပြီဆိုတဲ့ SMS ပြန်ပို့လာချိန်မှ Unlock Tool ကိုသုံးပြီး Boot Loader Unlock လုပ်ရပါတယ်။ ကိုယ့် Mi Account မှာ Designer Account permission တွေ ထပ်တိုးတောင်းသလိုပေါ့။

Boot Loader Unlock Permission တောင်းတာကနေ အရင်စရပါမယ်

ဖုန်းမှာပါတဲ့ Browser ကိုပဲဖွင့်ပါ။ Browser address bar မှာhttp://en.miui.com/unlock လို့ရိုက်ဝင်ပါ။ Unlock Now ဆိုတဲ့ Button နှိပ်ပါ။ ထုံးစံအတိုင်း Mi Account login ၀င်ခိုင်းပါမယ်။ ဖုန်းမှာပါတဲ့ Browser သုံးလို့ ဖုန်းထဲမှာ login ၀င်ထားနဲ့ Mi Account နဲ့ဝင်ဖို့ Box တစ်ခုပေါ်လာမှာပါ။ အဲသည် Mi Account နဲ့ Permission တောင်းချင်ရင်တော့ Sign In ဆိုတာနှိပ်လိုက်ပါ။ ဖုန်းထဲမှာဝင်မထားတဲ့ အခြား Mi Account အတွက် Permission တောင်းချင်တာဆိုရင်တော့ Hide Button လေးနှိပ်.. User name, Password လေးထည့် ၀င်ပေါ့။ Web site ကိုတရုတ်လိုပေါ်တာ မကြိုက်ရင် User name, Password ရိုက်ထည့်တဲ့ Page အောက်နားလေးမှာ English ဆိုတာလေးနှိပ်နိုင်ပါတယ်။ တရုတ်လိုပေါ်လည်း အရေးမကြီးပါ။ ထူးထွေသိထားစရာ ဘာမှမရှိလှပါ။ Login ၀င်သွားရင်တော့ ကိုယ့် Mi Account ဟာ Xiaomi Forum မှာ တစ်ခါမှ login ၀င်သုံးထားဖူးတာမဟုတ်ရင် Mi Account ကို Nick Name လေးပေးဖို့ လာတောင်းပါမယ်။ Facebook မှာ Account Name လေးတွေပေးသလို ပေါ့။ ပုံတွေကိုလေ့လာပါ။
Mi Account အတွက် Forum Nick Name လေးပေးလိုက်ပါ။ Character သုံးလုံးထက်မနဲ၊ တစ်ဆယ့်ငါးလုံးထက် မပိုရပါ။ ပြီးရင်တော့ Xiaomi ထဲရောက်သွားပါပြီ။ လူပုံစံလေးပေါ်နေတာဟာ ကိုယ့် Mi Account နဲ့ forum မှာ login ၀င်နေပြီလို့ ဆိုလိုချင်တာပါ။ ပုံများကို လေ့လာကြည့်ပါ။
ဖုန်းက Home Key ကိုပြန်ထွက်ပြီးထွက်လိုက်ပါ။ Home Key ဘယ်ဖက်ကMenu/Recent Key ကို ကြာကြာလေးနှိပ်ထားပါ။ Recent App list တွေပေါ်လာပါက အကုန်လုံးကို Clean လုပ်လိုက်ပါ။ ပြီးရင်တော့ Boot Loader Unlock permission တောင်းတဲ့ website ထဲပြန်ဝင်.. Unlock Now Button နှိပ်ပါ။ လိုအပ်တဲ့ Information တွေဖြည့် ပေးဖို့ နေရာရောက်လာပါပြီ။
  • မိမိနာမည်ကိုဖြည့်ပေးပါ။ ရိုးရိုးရှင်းရှင်းပဲပေါ့။
  • ကိုယ့်ဖုန်းနံပါတ်အတွက် Country Code ကိုရွေးပေးပါ။
  • မိမိရဲ့ ဖုန်းနံပါတ်ကို 09 နဲ့မစပဲ 9 ကနေစပြီး ရိုက်ထည့်ပေးပါ။ ( ဥပမာ 9440xxxxxx )။ ဖုန်းနံပါတ်က Permission တောင်းတဲ့ Mi Account မှာ ထည့်ထားပေးတဲ့ဟာနဲ့ ထပ်တူတူနေစရာမလိုပါ။ Xiaomi ဖုန်းထဲမှာ ထည့်ထားပေးစရာလည်း မလိုပါ။ Xiaomi က ပြန် ပို့လာမယ့် SMS ကိုဖတ်နိုင်ရင် ရပါပြီ။ နောင်တစ်ချိန်ပြန်ပို့လာမယ့် Permisson ရပါပြီ ဆိုတဲ့ SMS ကိုဖတ်နိုင်ဖို့ Ready ရှိနေရင် ရပါပြီ။
  • နောက်တစ်ခုကတော့ ဖုန်းကို Unlock လုပ်ချင်တဲ့ reason ပါ။ ပုံထဲပါအတိုင်းသာ ထည့်ပေးလိုက်ပါ။ အဆင်ပြေပါတယ်။ တရုတ်လိုတွေ ဘာညာ ထည့်ပေးနေစရာ မလိုအပ်ပါ။
  • ပေါ်နေတဲ့ စာလိမ်လေးကို ကူးထည့်ပေးပါ။ ဖုန်းထဲက Browser မှာ ဖော်ပြထားတဲ့ ပုံမှာလို စာလိမ်က မပေါ်တာများပါတယ်။ ကွန်ပျူတာက Browser နဲ့လုပ်ရင်တော့ စာလိမ်လေးပေါ်ပါတယ်။ 8899 လို့သာ ရိုက်ပေးလိုက်ပါ။
  • ပြီးရင်တော့ အောက်ဆုံးက Check box လေးအမှန်ခြစ်၊ Apply Now Button နှိပ်လိုက်ပါ။
ကိုယ်ထည့်ပေးလိုက်တဲ့ ဖုန်းနံပါတ်ဆီ SMS တစ်စောင်ဝင်လာပြီး ကိုယ် permission တောင်းတာကို verify လုပ်မယ့် code numberလေးပါလာပါမယ်။ တစ်မိနစ်အတွင်း sms ၀င်မလာရင် Resend Button နှိပ်၊ ထပ်ပို့ခိုင်း၊ နှစ်မိနစ်စောင့်….။ ၀င်မလာသေးရင် Resend Button ထပ်နှိပ်၊ သုံးမိနစ်ထိစောင့်။ စုစုပေါင်း Resend Button နှစ်ခါနှိပ်ပြီး၊ ၆ မိနစ်စောင့်ပြီးသည်ထိ sms ၀င်မလာပါက ယခုဖုန်းနံပါတ်နဲ့ permission တောင်းတဲ့လုပ်ငန်းကို နောက်ထပ် 24 hour စောင့်ပြီးမှသာ ထပ်လုပ်နိုင်ပါတော့မယ်။ စစချင်းမှာကတည်းက မြန်မာပြည်က ဘယ် Operator နံပါတ်ကိုမဆို sms ချက်ချင်းပြန်ဝင်ပါတယ်။
Verify code number လေးဖြည့်ပေးပြိးလို့ Next နှိပ်ရင်တော့ Permission တောင်းတဲ့လုပ်ငန်း ပြီးဆုံးပါပြီ။ Review အတွက် စောင့်ဆိုင်းပါလို့ စာတမ်းအစိမ်း ပေါ်လာပါပြီ။ Permission ရကြောင်း sms နောက်တစ်စောင် ပြန်ဝင်လာဖို့ မြန်တယ်ဆို မိနစ်ပိုင်းလောက်ပဲကြာတတ်ပါတယ်။ Unlock Website ရဲ့ Home Page မှာရှိတဲ့ Unlock Tool Zip file ကို Download လုပ်ထားနိုင်ပါတယ်။ ကွန်ပျူတာထဲကူးထည့်ပြီး archive file ကို ဖြည်ချပေး ထားနိုင်ပါတယ်။ အောက်ပါ link မှလဲ အခုလက်ရှိ post တင်ချိန် နောက်ဆုံးဖြစ်နေတဲ့ Unlock Tool Version ကို Download ပြုလုပ်နိုင်ပါတယ်။

Mi Boot Loader Unlock Tool

Install လုပ်စရာမလိုပါ။ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်ပြီး Firmware ရေးတာမလုပ်ဖူးရင်တော့ လိုအပ်တဲ့ ADB,Fastboot Drivers တွေကို Unlock Tool မှာပါတဲ့ Driver Installer ကနေလုပ်ဆောင်ပေးထားနိုင်ပါတယ်။ အောက်ပါပုံများကိုလေ့လာပြီး လိုအပ်တဲ့ USB Drivers တွေကို Install လုပ်ထားနိုင်ပါတယ်။

Permission တောင်းလိုက်တဲ့ Mi Account နဲ့ Boot Loader Unlock လုပ်ခွင့်ရပြီဖြစ်ကြောင်း အခုလို SMS ပြန်ဝင်လာပါလိမ့်မယ်။ Permission ရကြောင်း SMS ထဲမှာ ဘာ Unlock Code ဆိုတာမှ မပါပါဘူး။ Boot Loader Unlock လုပ်နိုင်ပြီလို့ အကြောင်းကြားတာလေး သက်သက်ပါ။

Unlock Permission ရလို့ ကွန်ပျူတာမှာ Boot Loader Unlock လုပ်တာ စရအောင်…

ဖုန်းမှာပြင်ဆင်ထားရမယ့် အပိုင်းတွေကတော့Developer Options ON ထားပေးပါ။USB Debugging ON ထား ပေးပါ။ OEM Unlocking ဆိုတာပါရင် ON ထားပေးပါ။ Settings->Additional Settings-> အောက်မှာ Developer Options menu မတွေ့ပါက Settings->About Phone->MIUI Version နေရာ ခြောက်ချက်ခန့် ( Tap ) လုပ်ပါ။
ဖုန်းထဲမှာဝင်ထားတဲ့ Mi Account ဟာ BLU Permission ရထားပြီးသား Account ဖြစ်နေတာသေချာပါစေ။ Mi Account Settings ထဲမှာ Find Device ON ထားပေးတာ သေချာပါစေ။
နောက်ပိုင်းထုတ် Developer ROMs (MIUI 8.1 နှင့်အထက်) များမှာတော့ Settings->Additional Settings->Developer Options ထဲမှာပဲ Unlock Status ကို ကြည့်နိုင်ပါတယ်။ အဲသည်မှာပါတဲ့ function ကိုသုံးပြီး Boot Loader Unlock လုပ်ရာမှာ This device is associated with an another Account ဆိုတဲ့ Error ပြပြီး 50% မှာတစ်မနေရအောင် ပြုလုပ်နိုင်ပါတယ်။ ဖုန်းထဲမှာဝင်ထားတဲ့ Mi Account ကတော့ Boot Loader Unlock Permission ရပြီးသားဖြစ်နေပါစေ။
Developer Options ထဲမှာပါတဲ့ Mi Unlock Status ထဲထိသွားပါ။ အင်တာနက်ဖွင့်ထားပါ။
ဖုန်းက boot loader lock ဖြစ်နေတယ်လို့ပြနေပါမယ်။ အောက်ဆုံးမှာရှိတဲ့ Add Account and device ဆိုတဲ့ Button လေးနှိပ်ပေးလိုက်ပါ။ ကိုယ့်ဖုန်းနဲ့ကိုယ့် account ဟာ associated ဖြစ်သွားပြီလို့ message လေးပေါ်လာပါမယ်။

အခုနောက်ဆုံးထွက် model အချို့တွေမှာ အခုလို Developer options ထဲမှာ Account bind တာဝင်လုပ်ရင် တရုတ်စာနဲ့နံပါတ်တွေပါတဲ့ Noti ပေါ်လာပါတယ်။ Successfully ပြမသွားပါဘူး။ အောက်ကပုံလေးလို ပြတာမျိုးတွေပါ။
အဲသည်အတွက် Account bind တာလုပ်ဖို့ Google Play Store ကနေ Flit VPN ဆိုတဲ့ software လေး download လုပ်ထည့်ပါ။ Play Store မှာ Flit vpn လို့ search လုပ်လိုက်ပါ။ အောက်က icon ပုံနဲ့ app ပါ။
Play Store မှာ download လုပ်ဖို့အဆင်မပြေလဲ သည်နေရာမှာ Download လုပ်ပါ။ Play Store ကနေ download လုပ်ထည့်တာ အကောင်းဆုံးပါ။

Download Flit VPN

Flit vpn app ကိုဖွင့်ပါ။ အောက်ကပုံလေးအတိုင်းကြည့်ပြိး VPN ချိတ်တာလုပ်ပေးလိုက်ပါ။ ဖုန်းမှာ အင်တာနက်တော့ အရင်ဖွင့်ထားပေါ့ 😀 😀 

အထက်အဆင့်တွေမှာလုပ်ခဲ့သလို Permission တောင်းတာလဲ အောင်မြင်ခဲ့ပြီ။ Unlock Tool ကိုလဲ download လုပ်ပြီး ဖြည်ချထား၊ USB Driver တွေလဲ တင်ထားပြီးပြီ။ ဖုန်းမှာလဲ Developer Options ထဲမှာ Account Bind တာလုပ်ခဲ့ပြီးပြီ။ အဲလိုလုပ်ပြီးရင်တော့ အောက်ပါအဆင့်တွေအတိုင်း Unlock tool နဲ့ချိတ်ပြီးလုပ်ဆောင်ပါ။
  • ကွန်ပျူတာမှာ Internet ရနေပါစေ။ ဖြည်ထားတဲ့ Unlock Tool ကို Run ပါ။
  • ဖုန်းထဲမှာ Sign In ၀င်ထားတဲ့၊ BLU Permission ရထားတဲ့ Mi Account နဲ့ပဲ Unlock Tool မှာ login ၀င်ပါ။ Permission တွေစစ်ဆေးပြီး ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ထားခြင်း မရှိဘူးလို့ပြနေပါမယ်။ ကိစ္စမရှိပါ။
ဖုန်းကို Power ပိတ်ပါ။ Vol Down + Power Key ခဏ တွဲနှိပ်ပေးထားလိုက်ရင် Mi Bunny အစိမ်းရောင်လေးပေါ်လို့ ဖုန်း ကfastboot mode ကိုရောက်ပါပြီ။ ကွန်ပျူတာနဲ့ဖုန်းကို USB Cable နဲ့ချိတ်ပါ။ Drivers တွေအလုပ်လုပ်တာမှန် ကန်ရင် fastboot mode နဲ့ဖုန်းပုံလေးပေါ်လာပါမယ်။ Unlock Button သာနှိပ်ပေးလိုက်ပါ။
ဖုန်းကို စစ်ဆေးတာတွေ လုပ်သွားပါလိမ့်မယ်။ ပြီးရင်တော့ ဘယ်နှနာရီစောင့်ပါဆိုတာမျိုး ပေါ်လာပါမယ်။ ပုံမှန်ကတော့ သုံးရက် (72 hours) ပါပဲ။ VPN ကျော်ပြီးမှ Account bind တာမျိုးလုပ်ရတာမျိုးတွေကတော့ 360 hrs အထိစောင့်ပေးရတာ သတိထားမိပါတယ်။ Global rom တင်ထားတဲ့ အရင် model ဟောင်းမျိုးဆိုရင်တော့ တစ်ခါတလေ တစ်ခါတည်း unlock လုပ်ပေးသွားတာမျိုးလဲ ကြုံဖူးပါတယ်။ ပုံသေ ဘယ်လိုဆိုတာတော့ ပြောမရပါ။ အချိန်တစ်ခုစောင့်ပေးရတာတော့ Xiaomi policy ပါပဲ။  စောင့်ပြိးမှ အခုလုပ်ခဲ့တဲ့ Unlock tool နဲ့ချိတ်လုပ်တာ ပြန်လုပ်ပါ။



စောင့်ဆိုင်းချိန်ကျော်လွန်ပြီးမှလုပ်ရင်တော့ percent တွေ တက်တက်သွားပြီး Successfully unlock ဖြစ်သွားပါလိမ့်မယ်။

Boot Loader Lock / Unlock state ကိုfastboot mode မှနေစစ်ဆေးနိုင်ပါတယ်။
Settings->Additional Settings->Developer Options ထဲမှာပဲ Unlock Status ကို ကြည့်နိုင်ပါတယ်။ အောက်ကပုံကတော့ Unlock လုပ်ပြီးသားပုံပါ။
Boot Loader Unlock permission ရထားတဲ့ Mi Account နဲ့ အခြား မည်သည့် Mi Phone ကိုမဆို Boot loader unlock လုပ်လို့ရပါတယ်။ ဖုန်းမှာဝင်ထားတဲ့ Acc နဲ့ Unlock Tool မှာဝင်တဲ့ Acc တူနေရင်ရပါပြီ။ လုပ်ချင်တဲ့ဖုန်းမှာ Permission ရထားတဲ့ Mi Account ကိုဝင်၊ Developer Options ထဲက Mi Unlock Status ထဲမှာ Account Bind တာလုပ်၊ သုံးရက် (72 Hours) စောင့်၊ ပြီးရင် Unlock လုပ်၊ အဲဒါ Procedure ပါပဲ။ Unlock လုပ်ပြီးသားဖုန်း Fastboot firmware ပြန်တင်ရင်း Boot Loader Lock ဖြစ်သွားရင် အရင်လို Permission ရထားတဲ့ Mi Account ၀င်လိုက်ပြီး ချက်ချင်းလုပ်လို့မရတော့ပါ။ Developer Options ထဲမှာ Account Bind တာလုပ်ပြီး သုံးရက်စောင့်ပါပဲ… 😀
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ🙂 🙂
Please follow and like us:
Save

Comments

Popular posts from this blog