ကျနော်တို့တွေ Mi Phone တွေမှာ Themes တွေ၊ Font တွေ၊ Wallpaper တွေ၊ အစရှိသည်တို့ကို downlaod လုပ်သုံးချင်ရင် ဖုန်းမှာ Mi Account Sign In ၀င်ထား၊ Themes app ကိုဖွင့်၊ လိုတာကို ရှာပြီး Download လုပ်သုံးကြပါတယ်။ တစ်ခါတလေမှာ Font တွေမှာ ကိုယ့်စိတ်ကြိုက်ပုံစံလေးတွေသုံးချင်တယ်။( မြန်မာစာ အလှလေးတွေသုံးတယ် ပြောနေကြတာတွေပေါ့….)။ Themes တွေကို ကိုယ့် စိတ်ကြိုက်ပြင်ပြီးမှသုံးချင်တယ်( Download လုပ်ထားတဲ့ Themes တွေကို စုပေါင်းစပ်ပေါင်း Customized လုပ်သုံးတာကို ဆိုလိုတာမဟုတ်ပါ).. အစရှိသည်တို့ကို လုပ်ချင်လာပြိဆိုရင် မိမိ Mi Account ဟာ Designer Account ဖြစ်နေမှ ကိုယ်ပြင်ထားတာတွေကို ဖုန်းထဲမှာ ထည့်သုံးနိုင်ပါတယ်။ အဲသည်အတွက် Designer Accountဆိုတာကို Xiaomi ထံမှာ လျှောက်ထားရပါတယ်။ Designer Account ဆိုတာ သီးခြား Account တစ်ခုမဟုတ်ပါ။ ကိုယ့် Mi Account ကိုပဲ ကိုယ်ဖန်တီးထားတဲ့ Themes, Fonts တွေ ဖုန်းမှာထည့်သွင်းနိုင်အောင် Xiaomi မှာ ကိုယ့် Mi Account နဲ့ပတ်သက်တဲ့ လုပ်ပိုင်ခွင့် ပိုတိုးတောင်းလိုက်တဲ့ သဘောပါပဲ။
Designer Account လုပ်ဖို့ သီးခြား ဘာမှမလိုအပ်ပါ။ ကိုယ့် Mi Account မှာရှိထားသင့်တာကတော့ email address တစ်ခု ထည့်သွင်းပေးထားဖို့ပါပဲ။ Mi Account ကို ဖုန်းနံပါတ်နဲ့ပဲ လုပ်ခဲ့တယ်။ Email address ထည့်ပေးထားတာ မရှိသေးဘူးဆိုရင်တော့ သည်နေရာမှာ [ Using Mi Account – Part Two (Changing email & Ph no. Information) ] လေ့လာပြီး email address ထည့်ထားပေးဖို့ အရင်လုပ်ဆောင်ပါ။ နောက်ထပ်ရှိထားဖို့လိုတာကတော့ မိမိကိုယ်တစ်ပိုင်းသာသာပါတဲ့ မတ်တပ်ရပ်ဓါတ်ပုံတစ်ပုံရယ်ပါ။ အဲသည်နှစ်ခု ရှိတယ်ဆိုရင် ကိုယ်သုံးချင်တဲ့အရာတွေသုံးနိုင်ဖို့အတွက် Designer Account လျှောက်ထားဖို့ အဆင်သင့်ဖြစ်ပါပြီ။
Designer Account လျှောက်ထားဖို့အတွက်ကတော့ ဖုန်းမှာပါတဲ့ Browser ကိုဖွင့်ပါ။ Address bar မှာ [ designer.xiaomi.com ] လို့ ရိုက်ဝင်ပါ။Login ဆိုသော Button ရှာနှိပ်ပါ။ မိမိဖုန်းထဲမှာ ၀င်ထားသော Mi Account နဲ့ Login ၀င်ဖို့ Box ပေါ်လာပါမယ်။ Sign In သာနှိပ်ပေးလိုက်ပါ။ ဖုန်းမှာပါတဲ့ Browser ကို မသုံးပဲ အခြားသော Browser ကိုသုံးရင်တော့ မိမိဖာသာ Username, Password ရိုက်ထည့်ပေးပြီးဝင်ပါ။ အခြားသော Browser များမှာ ဖုန်းမှာဝင်ထားတဲ့ Mi Account နဲ့ Auto Integrate လုပ်ပြီး Login ၀င်ရန် Box ပေါ်မှာမဟုတ်ပါ။
ဒုတိယအဆင့်အနေနဲ့ လိုအပ်တဲ့ Information တွေကိုဖြည့်ပေးရပါမယ်။
- ပထမဦးစွာ Individual Designerဆိုတဲ့ Button ကို နှိပ်ပေးလိုက်ပါ။
- လိမ္မော်ရောင် * ပြထားသည်များအားလုံးကို ဖြည့်ပေးရပါမယ်။ Designer Name ကိုဖြည့်ပေးပါ။ Facebook မှာ Account Name ထားသလိုပေါ့။ နှစ်သက်ရာဖြည့်ပါ။
- Real Name ဆိုတဲ့ မိမိနာမည်နေရာမှာလည်း အဆင်ပြေသလိုဖြည့်ပေးနိုင်ပါတယ်။
- ဖုန်းနံပါတ်နေရာမှာ 09 အစား +959နဲ့အစပြုဖြည့်ပေးပါ။ ဖုန်းနံပါတ်ဆီ Verify sms code ပြန်ပို့တာတွေ ဘာတွေမလုပ်ပါ။ နှစ်သက်ရာနံပါတ်ဖြည့်နိုင်ပါတယ်။
- Select Picture ဆိုတဲ့ Button လေးနှိပ်ပြီး Gallery ထဲရှိ မိမိပုံကို ရွေးချယ်ပေးလိုက်ပါ။ အောက်မှာ နမူနာဓါတ်ပုံပြထားပါတယ်။ အဲသည်ပုံအတိုင်း ကိုယ်တစ်ပိုင်းလောက်ပါနေတဲ့ size ဖြစ်ရမှာပါ။ Photo size ကလည်း storage ပမာဏ 4MB ထက်ပိုကြီးတာ ထည့်ပေးလို့မရပါ။
- * ပြထားတာတွေအကုန်ဖြည့်ပြီးရင်တော့ Accept Agreement and Register ဆိုတဲ့ Button လေးသာ နှိပ်ပေးလိုက်ပါ။ * ပြထားတာတွေကလွဲပြီး ကျန်တာတွေဖြည့်ဖို့ ခေါင်းစားမနေပါနဲ့…။
အောက်မှာနမူနာဖြည့်ထားတဲ့ပုံကို လေ့လာကြည့်ပါ။
နောက်ဆုံးအဆင့်မှာတော့ Designer account အတွက် လိုတဲ့ information တွေအကုန်ဖြည့်လို့ လျှောက်ထားခြင်းလုပ်ငန်း ပြီးဆုံးပါပြီ။ အစိမ်းရောင် အမှန်ခြစ် အလုံးလေးကို တွေ့နေရတဲ့ page ရောက်ပါပြီ။ လုပ်ဆောင်စရာ အားလုံးပြီးဆုံးပါပြီ။
Designer Account Approval mail ပြန်ဝင်လာဖို့ 2 days to 2 weeks လောက်ထိတော့ စောင့်ရတတ်ပါတယ်။ မိမိ Mi Account ထဲမှာထည့်ထားတဲ့ email ဆီကို Xiaomi မှ တရုတ်စာနဲ့ mail တစ်စောင်ဝင်လာမှာပါ။ အဆင်ပြေသလို email ကို စစ်ကြည့်နေပေါ့။ Email ၀င်လာပြီဆိုလျှင် ထူးထွေဘာမှလုပ်နေစရာမလိုပါ။ မိမိတို့မှာ Download လုပ်ထားတဲ့ ကိုယ်ပိုင် Themes, Fonts တွေကို import လုပ်ပြီး အသုံးပြုနိုင်ပါပြီ။
MIUI Fans များ စိတ်ရွှင်လန်း ချမ်းမြေ့ပါစေ…

Please follow and like us:



Comments
Post a Comment