Skip to main content

Changing ROM with XiaomiTool

Thet Zaw Ko0
XiaomiTool ကို အဓိကသုံးတာကတော့ Boot Loader Unlock မလုပ်ပဲ ဆိုင်က၀ယ်စဉ်ကအတိုင်းဖုန်းမှာပါလာတဲ့ China Stable rom ကို Global Stable rom version တင်ချင်တဲ့အခါမှာ အဓိကသုံးကြပါတယ်။
ဟိုးယခင်က xiaomi ဖုန်းတွေကို ကွန်ပျူတာနဲ့ တင်ချင်တဲ့ rom အမျိုးအစားကို တင်မယ်ဆိုရင် fastboot mode ကိုဝင်ပြီး Mi Flash Tool နဲ့ fastboot rom ကို တင်ကြပါတယ်။ Redmi Note 3 စထွက်ချိန်မှာတော့ Boot Loader ကို lock လုပ်ထားလိုက်ပြီး fastboot rom ကို အလွယ်တကူတင်လို့ မရတော့ပါဘူး။ တင်ချင်တယ်ဆိုရင် Boot Loader ကို Unlock လုပ်၊ ပြီးမှ Mi Flash Tool နဲ့ fastboot rom ကိုတင်.. အဲလို လုပ်ကြရပါတယ်။ Boot Loader Unlock ကို Xiaomi က official လုပ်ခွင့်ပေးထားလို့ unlock လုပ်ဖို့အတွက် လွယ်ကူပါတယ်။ အချိန်တစ်ခုတော့ စောင့်ရပါတယ်။ အခုအချိန်မှာ ကိုယ်က Unlock လုပ်ခွင့် permission တောင်းထားပြီး permission ရချိန်ကနေ တကယ်ကွန်ပျူတာမှာလုပ်လို့ရချိန်အထိ (၁၅) ရက်ခန့်စောင့်ရပါတယ်။
အဲသည်လို Boot Loader Lock ပါတဲ့ ဖုန်း model တွေကို unlock မလုပ်ပဲ ကွန်ပျူတာနဲ့ firmware တင်ချင်ရင် fastboot mode အစား EDL (Emergency Download Mode) ကနေ တင်နိုင်ပါတယ်။ အဲသည်လိုတင်လို့ရတာကလည်း Redmi 4A မတိုင်ခင်ရက်စွဲအထိ ထွက်ခဲ့တဲ့ ph model တွေအတွက်ပဲ အဆင်ပြေပါတယ်။ Redmi 4A နဲ့ သူ့နောက်ပိုင်းရက်စွဲတွေမှာထွက်တဲ့ဖုန်းတွေအတွက်ကတော့ EDL mode ဆိုတာကို special cable နဲ့ဖြစ်စေ၊ keys တွေနဲ့ဖြစ်စေ၊ software တွေနဲ့ဖြစ်စေ ၀င်လို့မရတော့ပါဘူး။ အဲလိုဖုန်းတွေအတွက် နောက်ဖုံးကိုခွာ၊ Test point ထောက်ဆိုတဲ့ hardware နဲ့ပတ်သက်တာလေးတွေကိုလုပ်ပြီး EDL mode ၀င်လို့ firmware ရေးရပါတယ်။ လုံးဝ dead နေတဲ့ဖုန်းကလွဲပြီး သာမာန်ဖုန်းအကောင်းတွေအဖို့ အဲလိုလုပ်ပြီး firmware တင်တာမျိုးကို လုပ်ချင်မှာမဟုတ်ပါဘူး။ 
သည်တော့ Boot Loader Unlock လုပ်ဖို့လဲ မစောင့်ချင်၊ Global rom ဆိုတာကိုလဲ ချိန်းတင်ချင်ရင် XiaomiTool လေးကိုသုံးနိုင်ပါတယ်။ XiaomiTool နဲ့ အခြား rom version တွေကိုလည်း တင်နိုင်ပါတယ်။ ဒါပေမယ့် BLU လုပ်ထားပြီး Mi Flash Tool နဲ့တင်သလို တင်ချင်တဲ့ version, တင်ချင်တဲ့ rom အမျိုးအစားကို တင်မယ်ဆိုတာမျိုးတော့ အရမ်းကြီး စိတ်ကြိုက် choice လုပ်လို့မရပါဘူး။ Boot Loader Lock အခြေအနေမှာလုပ်ရလို့ Tool ကနေပြပေးနေတဲ့ rom version တွေထဲက မိမိတင်ချင်တာတစ်ခုကို တင်ခိုင်းလိုက်တာ safe အဖြစ်ဆုံးဖြစ်ပါလိမ့်မယ်။
Global rom ကိုတင်ကြတာက Google app တွေနဲ့ပတ်သက်တဲ့ errors တွေ ခေါင်းအေးချင်လို့ပါ။ Xiaomi user ၁၀ ယောက်မှာ ၃ ယောက်လောက်သာ China rom မှာ google app တင်တာ သုံးတာနဲ့ပတ်သက်တဲ့ tips & tricks လေးတွေ နားလည်သဘောပေါက်ကြပါတယ်။ တော်တော်များများက မသိကြပါဘူး။  Xiaomi ဖုန်းတွေမှာလဲ app တွေကို google play store ကနေတိုက်ရိုက်ဒေါင်းထည့်ပြီးသုံးတာမျိုးက error အကင်းဆုံးမို့  google app တွေ ကောင်းကောင်းအလုပ်လုပ်နေဖို့က အရေးကြီးပါတယ်။ သည်တော့ XiaomiTool လေးကိုသုံးပြီး Boot loader lock အခြေအနေမှာ Global rom ဆိုတာမျိုးကို safe ဖြစ်အောင်တင်လို့အဆင်ပြေပါတယ်။ 

ကဲ.. Intro ပျိုးတာတွေ ခဏရပ်ပြီး သည် Tool လေးကို ဘယ်လိုအသုံးပြုမလဲဆိုတာ တစ်ဆင့်ချင်းလေ့လာကြည့်ရအောင်.. 😀 😀 
Computer မှာသုံးဖို့ လုပ်ထားတဲ့ tool မို့ ကွန်ပျူတာလိုပါမယ်။ Internet Connection လိုပါမယ်။ ကွန်ပျူတာမှာ Xiaomi Tool သုံးနေချိန် Internet connection ဘာလို့လိုသလဲဆိုတော့  မိမိက Global rom တင်ချင်တာမို့ Global rom zip file ကိုအဆင်ပြေသလို download ထားပြီး ကွန်ပျူတာထဲထည့်ထားလို့ တင်ခါနီး လမ်းကြောင်းရွေးပေးလိုက်မှာပေါ့လို့ တွေးကြည့်လို့ရပေမယ့် မိမိဖုန်း model, လက်ရှိတင်ထားတဲ့ china stable rom ရဲ့ miui ver တွေအပေါ်မူတည်ပြီး XiaomiTool က တင်ချင်တဲ့ rom ဆီကို တစ်ခါတည်းတင်တာမျိုး၊ နှစ်ဆင့်ချိန်းတင်တာမျိုးတွေ လုပ်ပါတယ်။ သည်တော့ ကွန်ပျူတာမှာသာ Internet Connection ရနေအောင်လုပ်ပေးထားလိုက်ပြီး ကိုယ့်ဖုန်းချိတ်ချိန်မှာ XiaomiTool ကို သူအဆင်ပြေပြေတင်ဖို့ decide လုပ်ခိုင်းပြီး သူ့ဟာသူ လိုတဲ့ rom version ကို ဒေါင်းပြီးတင်ခိုင်းလိုက်တာ အဆင်ပြေဆုံးပိုဖြစ်ပါလိမ့်မယ်။ အခု Mobile Operator တွေရဲ့ 4G speed နဲ့ဆိုရင် တင်နေချိန်မှ ဒေါင်းတင်ပါလုပ်တာကလဲ ၁၅ မိနစ်လောက်ထက်တော့ ပိုမကြာတတ်ပါဘူး။ Package လေးတွေ အလုံအလောက်ဝယ်ထားတယ်တော့ ဖြစ်ပါစေပေါ့ 😀 😀 
Screen shoots လေးတွေကြည့်ပြီး တစ်ဆင့်ချင်းလုပ်သွားပုံကိုကြည့်ရအောင်။ SS တွေကတော့ Redmi Note 4X SD ကို china stable ကနေ global stable ဆီကိုပြောင်းတင်တုန်းက ယူထားတာလေးတွေပါ။
သည် Tool ကိုသုံးမယ်ဆိုရင်တော့ ဖုန်းက Normal အတိုင်းကောင်းနေချိန်ဖြစ်ဖို့တော့လိုပါမယ်။ adb mode နဲ့အလုပ်လုပ်တာမို့USB Debugging ON နေ သိနေဖို့လိုအပ်ပါတယ်။ ဖုန်းမှာ USB Debugging ON ဖို့Settings–>Additional Settings–>Developer Options ထဲမှာ ON ထားပေးပါ။
Settings–>Additional Settings–> ထဲမှာ Developer Options ဆိုတာမတွေ့ဘူးဆိုရင် Settings–>About Phone ထဲမှာMIUI Version နေရာကို 6 ကြိမ် Tap လုပ်ပါ။ ပြီးရင် Additional Settings ထဲမှာ သွားကြည့်ပါ။ တွေ့ပါမယ်။
OK… ဖုန်းမှာပြင်ထားဖို့အလုပ်တော့ပြီးပါပြီ။ XiaomiTool ကို အောက်ပါလင့်တစ်ခုခုမှာ downloadဲပြုလုပ်ပါ။ zip file ဖြည်ပါ။ Computer မှာ Install လုပ်ထားပါ။

Download XiaomiTool (v 0.5.2, 88MB)

XiaomiTool ထဲမှာ adb, fastboot mode တွေသိနေဖို့ drivers တွေပါပါပြီးသားဖြစ်ပါတယ်။ သီးသန့် install လုပ်ပေးနေစရာမလိုပါ။ ဖုန်းကို ကွန်ပျူတာနဲ့ USB Cable သုံးပြီးချိတ်လိုက်ပါ။ ဖုန်းမှာ USB Debugging ကို Allow လုပ်ပေးဖို့ warning box လေးပေါ်လာပါမယ်။ အောက်ပါပုံနမူနာလေးအတိုင်း Check box လေးရွေးပေးထားပြီး OK လိုက်ပါ။ မပေါ်လဲ ကိစ္စမရှိပါဘူး။ XiaomiTool ဖွင့်ပြီးသုံးချိန်မှာ ပေါ်လာပါလိမ့်မယ်။ အဲသည်အချိန်မှာလုပ်ပေးလိုက်လဲအဆင်ပြေပါတယ်။
ပုံမှန်အားဖြင့် XiaomiTool ကို Install လုပ်ပြီးချိန်မှာ ကွန်ပျူတာ Desktop ပေါ်မှာ XiaomiTool icon လေးပေါ်နေမှာပါ။ အဲဒါလေးပေါ်မှာ Mouse ကို Right Click နှိပ်၊ ပေါ်လာတဲ့ shortcut menu မှ Run As Administrator ကိုရွေးပြီး run လိုက်ပါ။
စစချင်းတော့ Tool ရဲ့ Welcome screen ပေါ်လာမှာပါ။ OK, I Understand ဆိုတဲ့ Button လေးသာနှိပ်ပေးလိုက်ပါ။ SS ထဲမပြတော့ပါဘူး။ ပြီးရင်တော့ Tool က ကွန်ပျူတာမှာချိတ်ထားတဲ့ ဖုန်းကို ရှာပါလိမ့်မယ်။ ကိုယ့်ဖုန်းကိုတွေ့ရင်တော့ ရွေးပြီးSelect သာနှိပ်ပေးလိုက်ပါ။ သည်နေရာမှာ အထက်အဆင့်တုန်းကလို ဖုန်းမှာ USB Debugging Authorize box ပေါ်ချင်ပေါ်လာပါမယ်။ ပေါ်လာရင် Allow ကို ရွေး.. OK နှိပ်ပေးပါ။ 
ROM တင်မယ်ဆိုရင် ဖုန်းထဲရှိ data များအကုန်ပျက်မှာဖြစ်တယ်ဆိုတဲ့အကြောင်း warning message လာပြပါမယ်။ ကိုယ့်အနေနဲ့တင်မှာသာဖြစ်လို့ OK သာဆက်လိုက်ပါ။

အခုအဆင့်ကနေစလို့ မိမိကိုယ်တိုင်ကလဲ timing ကိုက်အောင်လိုက်လုပ်ပေးနိုင်ဖို့လိုလာပါပြီ။ Tool အနေနဲ့ လိုအပ်သလို detect လုပ်ပြီး လုပ်သွားပေမယ့် အချို့ သူ auto မလုပ်နိုင်သောအရာများကို မိမိက အချိန်မှီအတွင်းမှာ သူအလုပ်လုပ်နိုင်အောင် လိုက်ပြင်ပေးပြီး tool ကို အလုပ်လုပ်စေရင် မိမိလိုသလို ဖြစ်လာမှာပါ။
ပထမအဆင့်  ဖုန်းဟာ Boot Loader Lock လား Unlock လားစစ်တာပါ။ သည်ဟာကို fastboot mode မှာစစ်ပါတယ်။ သည်အဆင့် pass ဖို့က သူ့ timing အတိုင်း မှန်မှန်ကန်ကန်လုပ်ပါတယ်။ အထက်က SS အတိုင်း နားလည်ကြောင်း OK နှိပ်ပြီးတာနဲ့ ဖုန်းက reboot ဖြစ်သွားရပါမယ်။ fastboot mode ထဲဝင်သွားရပါမယ်။ Boot loader lock ဖြစ်နေတယ်လို့ message မှာပြရပါမယ်။  ဒါပုံမှန်ပါပဲ။ ကျနော်တို့က Boot Loader Lock ဖုန်းကို လုပ်နေလို့ သည်လိုပဲပြရမှာပါပဲ။ အဲလိုပြရင် success ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။ သည် fastboot မှာ စစ်တဲ့အဆင့်ပြီးရင်တော့ ဖုန်းဟာ သူ့အလိုလို boot ပြန်တက်လာပါမယ်။ သည်အဆင့်မှာ စစ်တာသေချာဖြစ်ဖို့ ဘာမှလုပ်စရာမလိုပါ။ ဖုန်းကအလိုလို reboot ဖြစ်တယ်။ fastboot ၀င်တယ်။ စစ်တယ်။ ပြန်တက်တယ်။ အရာအားလုံး OK ပါတယ်။

ဒုတိယအဆင့် သည်အဆင့်က အနည်းငယ် trick လေးတွေ ရှိပါတယ်။ သည်အဆင့်မှာ တစ်တာများပါတယ်။ သည်နေရာမှာ Info စစ်ပြိး pass ဖြစ်အောင်လုပ်မပေးနိုင်လိုက်ပဲ timeout ဖြစ်သွားပြီး Tool က Boot Loader Unlock ပြီးမှ ရေးမယ်ပဲလုပ်နေတယ်။ သည်တိုင်းတင်မရတော့ဘူးလို့ ပြောကြ တစ်နေကြတာ သည်နေရာမှာ timing မကိုက်လို့ပါ။ 
ပထမအဆင့် fastboot mode စစ်ပြီးတာနဲ့ ဖုန်းကပြန်တက်တယ်။ ပြီးတာနဲ့ အလိုလိုrecovery mode ကိုပြန်ဝင်ဖို့ reboot ပါတယ်။ အဲဒါဆို Tool က auto လုပ်နေတာတွေဟာ timing ကိုက်နေပါတယ်။
OK… auto recovery mode ရောက်သွားတယ်ဆိုတာနဲ့ပဲကြည့်ကြည့်ရအောင်.. Recovery Mode ထဲရောက်ရင် မိမိဖုန်းရဲ့ MIUI Ver ပေါ်မူတည်လို့ recovery mode ပုံစံကွဲပါမယ်။ MIUI 8.2 အောက်ပိုင်းပဲတင်ထားတာတွေကတော့ သည်နေရာ ဖုန်းပုံလေးကို usb cable လေးထိုးခိုင်းတဲ့ပုံပေါ်ပါမယ်။ ထိုးသွားပုံလေးလဲ အလိုလိုဖြစ်သွားပါမယ်။ Tool ကလည်း Recovery Info ကို အလိုလိုစစ်သွားပါမယ်။ ပြီးရင် သည် ဒုတိယအဆင့်ကျော်ပြီး OK ပါပြီ။
MIUI 8.2 နဲ့အထက်တင်ထားတဲ့ဟာဆိုရင်တော့ အောက်ပါပုံအတိုင်း Recovery Mode ပုံဖြစ်နေမှာပဲ။ အခုအချိန်မှာ အဲလိုလဲ ဖြစ်နိုင်ချေများနေမှာပါ။ MIUI 9 တောင် ထွက်နေပြီဆိုတော့ တော်တော်များများက MIUI 8.2 အထက်တွေလောက်ထိ မြှင့်ထားမိကြမှာပါ။  အောက်ပါပုံအတိုင်း ဖြစ်နေရင်ကတော့  Menu အပြာကွက်သုံးခုထဲက အောက်ဆုံးဟာကို Vol down key နဲ့သွားလိုက်ပြီး ရွေးတယ်ဆိုတာအတွက် Power key တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းမှာ USB ကြိုးလေးထိုးတဲ့ပုံဖြစ်သွားပြီး Tool က Recovery Info ကို စစ်သွားပါမယ်။
ကဲ.. ဒုတိယအဆင့်အတွက် ပေါ်လာတတ်တာလေးတွေကို SS လေးတွေနဲ့လေ့လာကြည့်ရအောင်။ ဖုန်းက auto reboot ဖြစ်ပြီး Recovery mode ထဲဝင်တယ်ဆိုပါတော့..။ MIUI 8.2 အောက်တွေဆိုရင် ဖုန်းကို USB ကြိုးထိုးပုံပေါ်ပြီး Recovery Info အလိုလိုစစ်လို့ နောက်တစ်ဆင့်ရောက်ပါမယ်။ MIUI 8.2 နဲ့အထက်အတွက်ဆိုရင်တော့ Tool မှာက သည်လိုလာပြနေပါလိမ့်မယ်။ ဖုန်း Recovery မှာပေါ်နေမယ့် တရုတ်စာလေးထိရွေးပြီးဆက်သွားပါလို့ ပြောနေပါလိမ့်မယ်။
ဖုန်းမှာ Menu သုံးခုပေါ်ပါမယ်။ အပေါ်နှစ်ခုကတော့ Factory Reset ချတာနဲ့ Reboot လုပ်တာပါ။ အောက်ဆုံးတစ်ခုက Adb sideload mode ထဲဝင်တာပါ။ XiaomiTool နဲ့အလုပ်လုပ်ဖို့ အဲသည်ထဲကိုဝင်ရပါမယ်။ Vol Down key နှိပ်ပြီး အောက်ဆုံးအကွက်ကိုသွားပါ။ 
Power Key တစ်ချက်နှိပ်လိုက်ပါ။ ဖုန်းကို usb ကြိုးထိုးပုံလေးဖြစ်သွားပြီး adb sideload mode ကိုရောက်ပါမယ်။ XiaomiTool က မေးနေတဲ့ Screen မှာ OK, done ဆိုတာနှိပ်ပေးလိုက်ပါ။ လိုတာစစ်ပါမယ်။ နောက်တစ်ဆင့်ရောက်ပါမယ်။ OK, done နှိပ်ပေမယ့် နောက်တစ်ဆင့် Recovery Info စစ်တဲ့အဆင့်မရောက်ပဲ သည်တရုတ်စာလေးနဲ့ screen ပဲပြန်ပေါ်နေပါက ဖုန်းကို usb ကြိုးဖြုတ်ပါ။ ပြီးရင်ပြန်တပ်ပါ။ Ok, done ခလုတ်ကိုနှိပ်ပါ။ တစ်ခါတလေ သည်နေရာမှာ နှစ်ကြိမ် သုံးကြိမ်လောက်လုပ်မှ Recovery Info စစ်တဲ့အဆင့်ကိုရောက်သွားတတ်ပါတယ်။ စိတ်ရှည်ပါ။ 
သေချာ timing ကိုက်သွားရင်တော့  Recovery info ကို စစ်ဆေးတာရပါပြီဆိုတာတွေ့ရပါမယ်။ Error ပြပြီး ဆက်စရာမရှိခဲ့ရင် XiaomiTool ကို ပြန်ထွက်.. ။ ဖုန်းကို normal အတိုင်း ပြန်တက်အောင် reboot လုပ်။ အစကနေတစ်ဆင့်ချင်း timing ကိုက်အောင်သာ ပြန်လုပ်ပါ။ Boot loader lock နဲ့ဖုန်းအသစ်တွေအဖို့ သည်အဆင့်တွေကို အေးဆေး pass ပါတယ်။

Recovery Info : obtained ဆိုတဲ့ ဒုတိယအဆင့်စစ်တာ pass သွားရင်တော့ နောက်ပိုင်းတွေက အေးဆေးဖြစ်ပါပြီ။ တင်လို့ရနိုင်မယ့် rom တွေကို ရှာနေတယ်ဆိုတဲ့ screen ကိုမြင်ပါလိမ့်မယ်။
တင်လို့ရနိုင်မယ့် rom list ပေါ်လာပါပြီ။ အစိမ်းရောင်စာသားတွေနဲ့က Boot loader unlock လုပ်စရာမလိုပဲ တင်နိုင်တဲ့ဟာတွေကို ပြနေတာပါ။ အခုတင်ဖို့လုပ်နေတဲ့ Redmi Note 4X မှာ လက်ရှိ version MIUI 8.5 China Stable ကိုပြန်တင်နိုင်တယ်။ China Dev ကို ပြောင်းတင်နိုင်တယ်။ Global Stable ကိုပြောင်းတင်နိုင်တယ်ဆိုပြီး အဲသည် rom သုံးခုအတွက်က BLU မလိုဘူးဆိုပြီး အစိမ်းရောင်စာလုံးတွေနဲ့ ရေးပြထားတာတွေ့မြင်မိမှာပါ။
Global Stable ဆီချိန်းတင်ချင်တာမို့ Global Stable ကိုရွေးလိုက်ပါတယ်။ နောက်တစ်ဆင့်ကိုဆက်ပါတယ်။
ကိုယ်လိုချင်တဲ့ rom ဆီကို ရောက်ဖို့ ဘယ်လိုတင်သွားမယ်ဆိုတာကို လာပြပါမယ်။ အခု Redmi Note 4X ကိုတင်တာမှာ ပထမ China dev rom ကို recovery ကနေအရင်တင်ပေးမယ်။ ပြီးမှ Global Stable ဆီကို တင်ပေးမယ်လို့  လာပြနေပါမယ်။ rom နှစ်ခုဒေါင်းမယ်ပေါ့။ နှစ်ခါတင်မယ်ပေါ့။ Mi5S Plus တစ်လုံးကို တင်ပေးခဲ့တုံးကတော့ တစ်ခါတည်း Global Stable ဆီတန်းတင်ပါတယ်။ China dev ကြားမခံပါဘူး။ သည်တော့ rom ကိုအရင်ဒေါင်းထားတာတွေလုပ်မနေပဲ Tool ကိုပဲ လိုသလိုစစ်ဆေးခိုင်း၊ တင်ခိုင်းလိုက်တာက ခေါင်းအေးပါတယ် 😀 
Confirm နှိပ်ပေးလိုက်ချိန်မှာတော့ ပထမတင်ဖို့ rom ကို ဒေါင်းပါလိမ့်မယ်။
ဒေါင်းပြီးတာနဲ့ rom တင်နေပါလိမ့်မယ်။ 
ဖုန်းဖက်အပိုင်းမှာက သည်လိုပြနေပါမယ်။ ပြီးဆုံးအောင်သာအေးဆေးစောင့်ပါ။ ပြီးရင် သူ့ဟာသူ ဖုန်းက reboot ဖြစ်သွားမှာပါ။
တစ်ကြိမ်တည်း တင်ရတဲ့ဖုန်းတွေကတော့ ဖုန်း ပြန်တက်သွားရင်ပြီးသွားပါပြီ။  အခု RMN4X ကတော့ နှစ်ခါတင်ရမှာမို့ အခုမှ China dev တင်တာပဲပြီးသေးတာပါ။ ထုံးစံအတိုင်း Setup Wizard တက်လာပါမယ်။ လိုတာလေးတွေဖြည့်ပေးရပါမယ်။ ပြီးရင်တော့ နောက်တစ်ဆင့်တင်ဖို့ USB Debugging ကို ON ပေးရပါမယ်။ ကွန်ပျူတာနဲ့ဖုန်းကို usb cable နဲ့ချိတ်ပေးရပါမယ် (ဖြုတ်ထားခဲ့တယ်ဆိုရင်ပေါ့)။ ချိတ်လိုက်လို့ USB Authorized box ပေါ်လာရင်လဲ Allow ပေးပြီး OK ပေါ့။ ပြီးရင်တော့ အောက်ပါပုံအတိုင်း 15 မိနစ်လောက်ကြာမယ်။ USB Debugging ON ပေးပါ.. စသည်ဖြင့်ပြောပြီးစောင့်နေတဲ့ XiaomiTool မှာOK, done ကိုနှိပ်ပေးလိုက်ပါ။ ဖုန်းက Recovery Mode ထဲကို Reboot သွားရပါမယ်။ XiaomiTool က detect မိပြီး နောက်ထပ် rom တစ်ခုတင်ဖို့ဒေါင်းတာတွေဆက်လုပ်ရပါမယ်။


မိမိဖုန်းက reboot မဖြစ်ပဲ သည်တိုင်းပဲဖြစ်နေရင်တော့ XiaomiTool က တရုတ်စာလေးနဲ့ပြနေတဲ့ windows ပေါ်လာပါမယ်။ မိမိဖာသာ Recovery Mode ကို ၀င်ဖို့… တရုတ်စာလေးအတိုင်းပြနေတဲ့ Menu Option ကိုရွေးဖို့ပြောနေမှာပါ။
မိမိဖာသာဖုန်းကို power ပိတ်ပါ။ Vol UP + Power key တွဲနှိပ်ပါ။ Mi Logo ပေါ်လာရင် Power key ကိုလွှတ်.. Vol UP key ကိုနှိပ်ထားပါ။ Recovery Menu လေးပေါ်လာသည်အထိပေါ့။ ဒါမှမဟုတ် Updater Setting ထဲက Reboot to Recovery Mode option ကိုနှိပ်ရွေးပေးလိုက်ရင်လဲ Recovery Mode ရောက်ပါတယ်။ သည်အဆင့်ကိုကျော်ရင် အခု RMN4X တင်တဲ့ဟာအရ Global rom ကိုတင်တာလုပ်မှာပါ။ မကျော်သေးပဲ ချိတ်ဖို့ပဲတောင်းနေရင်ကတော့ ထုံးစံအတိုင်း ကြိုးဖြုတ် ပြန်တပ် လုပ်ပေါ့။ ဘယ်လိုမှမရရင် အကုန်ပိတ်။ အစကနေပြန် try နိုင်ပါတယ်။
Recovery Mode နဲ့ချိတ်ဆက် OK ရင်တော့ rom နှစ်ခါတင်ရတဲ့အခုအခါမျိုးအတွက် နောက်ထပ် Global stable rom ကိုဒေါင်းပါလိမ့်မယ်။
ဒေါင်းပြီးရင် rom ဆက်တင်ပေးနေပါလိမ့်မယ်။
အားလုံးပြီးရင်တော့  ဖုန်းလဲ auto reboot ပြန်ဖြစ်ပါပြီ။ XiaomiTool ကလဲ Greeting msg လေးပြလို့ ပြီးဆုံးပါပြီ။

သည်လောက်ဆို XiaomiTool လေးနဲ့ Global rom ကိုချိန်းတဲ့နေရာမှာ တစ်ကြိမ်ထဲနဲ့ပဲတင်တင်.. နှစ်ကြိမ်တင်ပေးမှရမှာပဲဖြစ်ဖြစ်.. timing ကိုက်အောင်လုပ်ပေးပြီး သုံးရမယ့်အထာလေးတွေကို သဘောပေါက်ပြီထင်ပါတယ်။ အဓိကကတော့ ဒုတိယနေရာဖြစ်တဲ့ recovery mode မှာအလုပ်လုပ်ဖို့ XiaomiTool က မျှော်လင့်နေချိန်မှာ ကိုယ့်ဖုန်းက Recovery Mode မှာရှိမနေရင် ရောက်အောင် manual လုပ်ပေးဖို့လိုအပ်တာပါ။ လိုအပ်ရင် ကြိုး ဖြုတ် တပ်ပါ လုပ်ပေးရတဲ့ပါ။ အဲသည်နေရာလေး timing ကိုက်ပေးပြီးရင် အားလုံး OK ပါပြီ။
မှတ်ချက်။  ။ သည်နည်းနဲ့ Global ROM ချိန်းပြီး ပြန်တက်လာရင် Global rom ထုံးစံအတိုင်း Region နေရာ Myanmar တို့ဘာတို့ ရွေးလို့ရရပါမယ်။ အဲလိုမဟုတ်ပဲ China တစ်ခုပဲဖြစ်နေတယ်ဆိုရင် ထုံးစံမဟုတ်လို့ဆိုနိုင်ပါတယ်။ အဲလိုဖြစ်နေရင် တစ်ခါတလေ Themes တွေက China Credit Themes တွေ လာပြပြီး ဘာမှလဲ download ရမှာမဟုတ်တာတွေ ဖြစ်တတ်ပါတယ်။ အဲသည်အတွက်ကတော့ အားလုံးတက်လာပြီးရင် Settings–>Additional Settings–>Backup & Reset ထဲကနေ Factory Reset ချလိုက်ပါ။ ပြန်တက်လာရင် Updater ထဲဝင်ပြီးUpdater Settings ထဲက Download Update ဆိုတာနှိပ်လိုက်ပါ။ သူ့ဟာသူ Full rom zip ဒေါင်းပြီး Update လုပ်သွားပါလိမ့်မယ်။ နောက်တစ်ကြိမ်ပြန်တက်လာရင် Region အတွက် အဆင်ပြေပါပြီ။
China Stable ကနေ Global Stable ကိုချိန်းပြီးဖြစ်လို့ ..တင်လိုက်တာ MIUI 8.5 ဆိုပါတော့.. MIUI 9 update ပေးချိန် Updater မှာပေါ်လာပါမယ်။ မိမိလုပ်နေကြအတိုင်း Updater app ထဲမှာ Update Now နှိပ်ယုံပါပဲ။ MIUI 9 ဖြစ်သွားမယ်ပေါ့.. Global dev ပြောင်းတင်ချင်ရင်လည်း Xiaomi Forum ထဲကနေ Global Dev full rom zip ကိုဒေါင်း.. Updater ကနေတင်ပေါ့။ သည်ဟာလေး [ Upgrading Changing ROM Using Updater App  ] ဖတ်ပြီး လုပ်နိုင်ပါတယ်။ China Stable ကိုပြန်တင်ချင်တာဗျ.. China dev လေးကမိုက်လို့ပြောင်းချင်တာဗျ.. ဆိုတာမျိုးအတွက်တော့ BLU လုပ်ပြီး Mi Flash Tool နဲ့သာ ကစ်ပါတော့… 😀 😀 😀 
MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ…🙂 🙂 
Please follow and like us:
Save

Comments

Popular posts from this blog